Death of a Unicon
အခုမှ အသစ်ထွက် Rating လည်းများတဲ့ မွန်းစတား Horror ကားသစ်📣
ပုံပြင်တွေထဲက ယူနီကွန်းကတော့ လှပပီး ချစ်စရာကောင်းတဲ့ နတ်မြင်းပါ။
ဒါပေမဲ့ အခုရုပ်ရှင်ထဲမှာတော့ ယူနီကွန်းတွေက ဘယ်လိုကြမ်းမလဲဆိုတာ… ဇာတ်လမ်းလေးကို ကြည့်လိုက်ပါ။
Death of Unicorn (2025)
Rating: 6.2
ရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့သမီး ရစ်ဒလီ တို့ဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အလုပ်ကိစ္စသွားကြပါတယ်။
ဘုတ်အဖွဲ့ကိုယ်စားလှယ်ရှေ့နေအလုပ်ကို ရအောင်ယူဖို့နဲ့ တစ်သက်စားမကုန်အောင် ချမ်းသာဖို့ ရည်ရွယ်ပါတယ်။
ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး ပြဿနာဖြစ်မှာစိုးလို့ ကားထဲဖွက်သယ်လာကြပါတယ်။
အဲဒီမြင်းပေါက်လေးက ရောဂါအကုန်လုံးကို ပျောက်အောင်ကုနိုင်မှန်း သိသွားကြတဲ့အခါ သူဌေးမိသားစုက သုတေသနလုပ်ပြီး ရောင်းစားဖို့ ကြံစည်ကြပါတယ်။
အဲဒီမှာပဲ မြင်းပေါက်လေးကို လာကယ်တဲ့ ယူနီကွန်းကြီးတွေ ရောက်လာပြီး တစ်အိမ်လုံးကို လုံခြုံရေးတွေအပါအဝင် တိုက်ခိုက်ကြပါတယ်။
ဒီကောင်ကြီးတွေရဲ့ လက်ကနေ သားအဖေနှစ်ယောက် ဘယ်လို အလွတ်ရုန်းကြမလဲဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ရမှာပါ။
Product Tags: English Movies